မြန်မာလိုဖြစ်ဖြစ် အဂ်လိပ်လိုဖြစ်ဖြစ် ရှာချင်တဲ့ စကားလုံးကို ရေးထည့်ရှာပါ
Loading

1509.. အိုစမာဘင်လာဒင်၏ ရုပ်အလောင်းဓာတ်ပုံ အတု ဖြစ်နေ ( 5.5.11 )

 



အိုစမာဘင်လာဒင် ရုပ်အလောင်းဓာတ်ပုံကို ပါကစ္စတန် ရုပ်သံတစ်ခုက ထုတ်လွှင့်ခဲ့ရာ ဗြိတိန် သတင်းဝက်ဘ်ဆိုက်များက ကူးယူဖော်ပြခဲ့သော ယင်းဓာတ်ပုံသည် အင်တာနက်တွင် ပျံ့နှံ့နေသည်မှာ နှစ်နှစ်ခန့် ရှိနေပြီး ဘင်လာဒင် ရုပ်ဓာတ်ပုံ အစစ် မဟုတ်ပေ။
နောက်ဆုံးပေါ်ထွက်ခဲ့သော သူ၏ ဓာတ်ပုံတွင် မုတ်ဆိတ်များ ဖြူနေခဲ့သော်လည်း ယခုဓာတ်ပုံတွင် ဘင်လာဒင်သည် မုတ်ဆိတ်များ မည်းနေသည်။ သွေးသံရဲရဲနှင့် ဆံပင်ဖုန်အလိမ်းလိမ်း၊ မျက်လုံးတစ်ဝက်ပွင့်နေသော ဘင်လာဒင် ရုပ်အလောင်းဓာတ်ပုံကို အင်တာနက်တွင် ပျံ့နှံ့နေသည်မှာ နှစ်နှစ်ခန့် ရှိပြီ ဖြစ်သည်။
၂၀၀၉ ခုနှစ် ဧပြီ ၂၉ ရက်နေ့က themedialine.org အွန်လိုင်းသတင်းစာတွင် ယင်းဓာတ်ပုံ အတုကို ကနဦး ဖော်ပြခဲ့ပြီး အယ်ဒီတာ က ဓာတ်ပုံသည် အစစ်ဟုတ်မဟုတ်ကို အာမမခံနိုင်ကြောင်း သတိပေးချက် အဖြစ် ဖော်ပြခဲ့သည်။ ယင်းဓာတ်ပုံသည် ၁၉၉၈ ခုနှစ်က ရိုက်ကူးခဲ့ပြီး ရိုက်တာသတင်းအေဂျင်စီက အသုံးပြုခဲ့သော ဘင်လာဒင် ဓာတ်ပုံအစစ်ကို အခြေခံကာ ပြုပြင်ထားသော ဓာတ်ပုံ ဖြစ်သည်။ ပါကစ္စတန် ရုပ်သံလိုင်းများက ယင်းဓာတ်ပုံထုတ်လွှင့်မှုအား ပြန်လည် ရုပ်သိမ်းခဲ့ကြသည်။

From-http://news-eleven.com/index.php?option=com_content&view=article&id=8259&catid=79&Itemid=156

ဘင်လာဒင် ဟုတ်မဟုတ် ဘယ်လိုစစ်ခဲ့သလဲ

အိုစမာဘင်လာဒင်၏ နှမတစ်ဦးသည် မက်ဆာချူဆက် အထွေထွေ ဆေးရုံတွင် သေဆုံးခဲ့သည့် မှတ်တမ်းအရ အမေရိကန်အတွက် ဘင်လာဒင် သေဆုံးမှုကို အတည်ပြုပေးနိုင်ခဲ့ကြောင်း အေဘီစီ သတင်းဌာနက ဖော်ပြခဲ့သည်။

ဘင်လာဒင်၏ နှမဖြစ်သူသည် ဘော်စတွန်တွင် ပြီးခဲ့သည့်တစ်နှစ်က သေဆုံးခဲ့သောအခါ ရုပ်အလောင်း မှ တစ်ရှူးကိုယူ၍ ဒီအင်န်အေ စစ်ဆေးခဲ့သည်။အထူးတပ်ဖွဲ့များ အသေဖမ်းဆီး ရမိခဲ့သော ဘင်လာဒင်၏ ဒီအင်န်အေနှင့် တိုက်ဆိုင် စစ်ဆေးရန် ယင်း တစ်ရှူးနမူနာများကို အသုံးပြုခဲ့သည်။ ဒီအင်န်အေအ ထောက်အထားများအရ ၉၉ ဒသမ ၉ ရာခိုင်နှုန်း ကိုက်ညီနေကြောင်း အစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အမေရိကန်သည် ၉/၁၁ တိုက်ခိုက်မှု နောက်ပိုင်းမှစ၍ ဘင်လာဒင် မိသားစုဝင်များ၏ ဒီအင်န်အေများကို စုဆောင်းခဲ့သည်ဟု ယူဆရသည်။ သို့သော်လည်း အမေရိကန်တွင် လက်ဗွေရာ သို့မဟုတ် အခြား အထောက်အထား ရှိမရှိကို သေချာမသိရသေးပေ။ ဘင်လာဒင်၏ ရုပ်အလောင်း ဓာတ်ပုံကို တွေ့ခဲ့ရသော ထိပ်တန်း ပင်တဂွန် တာဝန်ရှိသူတစ်ဦးက အမေရိကန်တို့သည် ဘင်လာဒင် ဟုတ်မဟုတ်ကို အတည်ပြုနိုင်ရန်အတွက် နည်းလမ်းပေါင်းစုံ အသုံးပြုခဲ့ကြောင်း ပြောကြားခဲ့သည်။ မျက်နှာကို မှတ်မိစေနိုင်သော ပုံဖော်နည်းပညာကို အသုံးပြု၍လည်း ဘင်လာဒင် ဟုတ်မဟုတ် အတည်ပြုရန် ကြိုးပမ်းခဲ့သည်ဟု ဆိုသည်။

Labels:



ပိုစ့် 1972 မှ 1940 ထိ download link များ ကို မာတိကာ က link များ မှ ဒေါင်းမှသာ အဆင်ပြေပါမယ်.....

 

1 - ဦး မှတ်ချက်ပေးထားပါသည်

Blogger tunlin said...

thanks brother

1/4/13 8:57 PM  

Post a Comment

မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃

လာရောက်လည်ပတ် လေ့လာကြသော် ဧည့်သည်များ အားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း များနှင့် ပြည့်စုံ နိုင်ကြပါစေ........