မြန်မာလိုဖြစ်ဖြစ် အဂ်လိပ်လိုဖြစ်ဖြစ် ရှာချင်တဲ့ စကားလုံးကို ရေးထည့်ရှာပါ
Loading

1527..ချမ်းချမ်း၏ ဒုတိယမြောက်စီးရီး ထွက်မည် ( 3.6.11 )

 

http://www.7daysports.com/models/chanchan/ACF56B.jpg

အဆိုတော်ချမ်းချမ်း၏ ဒုတိယမြောက် တစ်ကိုယ်တော် တေးစီးရီး ‘ချစ်လည်းချစ် တယ် အရမ်းမုန်းတယ်’ အားအသံသွင်းယူမှု များ ပြုလုပ်လျက်ရှိပြီး အောက်တိုဘာလ တွင် တိပ်နှင့် စီဒီအားဖြန့်ချိနိုင်ရန် စီစဉ်ထား သည် ဟု သတင်းရရှိသည်။

“ချမ်းချမ်းရဲ့ ဒုတိယအခွေလေး ကို အသံ သွင်းယူနေပါပြီ။ ပရိသတ် တွေကလည်း မျှော်ကြတယ်လို့ ပြောတဲ့အတွက် ပိုပြီး တာဝန်ကြီးပါတယ်။ ပထမအခွေနဲ့မတူတဲ့ သီချင်းပုံစံမျိုး၊ ရသအသစ်ပေးနိုင်မယ့် သီချင်းမျိုးတွေ ပါဝင်အောင် ကြိုးစားနေပါတယ်။ ပထမခွေမှာကတော့ မိန်းကလေး တစ်ယောက်ရဲ့ အချစ်နဲ့ပတ်သက်တဲ့ သီချင်းပုံစံလေးတွေပါ။အခုခွေမှာကတော့ မိန်းကလေးတစ်ယောက် အတွက် သတ္တိကိုပေးနိုင်မယ့် သီချင်းပုံစံလေး တွေ ပါပါမယ်” ဟု ချမ်းချမ်း က ပြောပြခဲ့သည်။

ချမ်းချမ်း၏ ဒုတိယတေးစီးရီး ‘ချစ်လည်း ချစ်တယ် အရမ်းမုန်းတယ်’ တွင် တေးရေး ကိုဂျမန်း၊ ချမ်းချမ်း၊ ရွှေဂျော်ဂျော်၊ မြင့်မိုးအောင်၊ ဖိုးကာတို့ ပါဝင်ရေးသားထားပြီးရော့ခ်၊ slow rock,pop နှင့် R&B အမျိုး အစား များ ပါဝင်မည်ဟု သိရသည်။

Ref : Bi Weekly Eleven

Labels:



ပိုစ့် 1972 မှ 1940 ထိ download link များ ကို မာတိကာ က link များ မှ ဒေါင်းမှသာ အဆင်ပြေပါမယ်.....

 

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃

လာရောက်လည်ပတ် လေ့လာကြသော် ဧည့်သည်များ အားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း များနှင့် ပြည့်စုံ နိုင်ကြပါစေ........