1646.. Web portal ဆိုတာ

Web portal ဆိုတာဟာ ကွဲပြားသောရင်းမြစ်များဆီမှ စုစည်းထားတဲ့သတင်းအချက်အလက်များကို တင်ပြတဲ့နေရာဖြစ်ပါတယ်။ စံသတ်မှတ်ထားတဲ့ search အင်ဂျင် feature နဲ့ကွဲပြားပြီး web portal တွေဟာ အခြားသောဝန်ဆောင်မှုတွေဖြစ်တဲ့ အီးမေးလ်၊ သတင်း၊ စတော့ဈေးနှုန်း၊ သတင်းအချက်အလက်နဲ့ ဖျော်ဖြေရေးစတဲ့ ၀န်ဆောင်မှုတွေကို ပေးတာဖြစ်ပါတယ်။ Portal တွေက access control နဲ့ကွဲပြားတဲ့ application တွေအတွက် လုပ်ငန်းစဉ်ကို အမြဲတမ်း တစ်သက်မတ်တည်ရှိနေအောင် လုပ်ကိုင်ပြီးထားတတ်ပါတယ်။
Web portal တွေကို ဥပမာအနေနဲ့ကြည့်မယ်ဆိုရင်တော့ MSN, Yahoo!, AOL နဲ့ iGoogle တို့ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်ကာလများမှ စတင်ပြီးခေတ်စားလာပါတယ်။ ၁၉၉၀ ခုနှစ်အလယ်ပိုင်းကာလများအတွင်း web browser တွေ တစ်ဟုန်ထိုးတိုးတက်လာပြီးနောက်ပိုင်း ကုမ္ပဏီအများစုက တည်ဆောက်ဖို့နဲ့ရယူနိုင်ဖို့ ကြိုးစားကြပါတယ်။ Portal အများစုဟာ web directorie များအဖြစ်စကြတာပါ။ Yahoo! ကိုဥပမာအနေနဲ့ကြည့်နိုင်ပါတယ်။ ၀န်ဆောင်မှုတွေကိုရယူဖို့အတွက် သုံးစွဲသူတွေကမှတ်ပုံတင်ဖို့လိုပါတယ်။ အခမဲ့အီးမေးလ် feature များကို လိုသလိုပြုလုပ်ခြင်းနဲ့ chatroom တွေလိုဝန်ဆောင်မှုအတွက် အထက်ပါအတိုင်းပြုလုပ်ရမှာပါ။
Portal တွေဟာ အမျိုးအစားများစွာရှိပါတယ်။ Personal portal များ၊ Regional web portal များ၊ Government web portal များ၊ Corporate web portal များ၊ Hosted web portal များ၊ Domain-specific portable များ၊ Sports portal များ အစရှိသည်တို့ဖြစ်ကြပါတယ်။
Ref:::http://en.wikipedia.org/wiki/Web_portal
Labels: Knowledges-IV






