မြန်မာလိုဖြစ်ဖြစ် အဂ်လိပ်လိုဖြစ်ဖြစ် ရှာချင်တဲ့ စကားလုံးကို ရေးထည့်ရှာပါ
Loading

1733.. သမ္မတအိုဘားမားပေးလိုက်သည့် ဒ်ါအောင်ဆန်းစုကြည် အတွက်စာ

 

               သမ္မတအိုဘားမား ထံမှ မြန်မာ့ဒီမိုကရေစီအရေးဦးဆောင်လှုပ် ရှား ဆောင်ရွက်နေသူ ဒေါ်အောင်ဆန်းစု ကြည်ထံသို့ ပါးလိုက်သော ပုဂ္ဂိုလ်ရေးစာ လွှာအား ပေးအပ်ခဲ့ကြောင်းသိရသည်။ 

               စာ ပါအကြောင်းအရာအပြည့်အစုံမှာ အောက် ပါအတိုင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်
     မကြာသေးမီက ဒေါ်အောင် ဆန်းစုကြည်နှင့်အတူ ပြောကြားခဲ့ရမှုများ အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ဦးစွာ ပြောကြားလိုပါတယ်။ ကျွန်တော်တို့ ဆွေး နွေးပြောကြားစဉ်အခါက ဒီမိုကရေစီအရေး အတွက် မဆုတ်မနစ် ရဲရဲဝံ့ဝံ့ကြိုးပမ်းနေမှု များအတွက် လေးစားမိကြောင်း၊ ကျွန် တော့်အနေနဲ့ ပြောကြားခဲ့ပါတယ်။ ကျွန် တော်တို့ရဲ့ ပြောကြားမှုထဲမှာ မကြာသေးမီ က ကျွန်တော့်ရဲ့ အာရှခရီးစဉ်နဲ့ပတ်သက် လို့လဲ အလေးပေးပြောကြားခဲ့ကြပါတယ်။
    မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းဦးတည်ရာနဲ့ ပြုပြင်ပြောင်းလဲ မှုအတွင်း အားတက်ဖွယ်ရာ တွန်းအားပေး ဆောင်ရွက်နေတာကို တွေ့ရတဲ့အတွက်လဲ ကျေနပ်အားရမိပါတယ်။ နိုင်ငံခြားရေးဝန် ကြီး ဟီလာရီကလင်တန်ရဲ့ မြန်မာနိုင်ငံခရီး စဉ်အတွင်း နိုင်ငံရေးဆိုင်ရာ လွတ်လပ်ပွင့် လင်းမှုအပေါ် အားပေးမြှင့်တင်ရေးနဲ့အ<ကင်း မဲ့ လူ့အခွင့်အရေးဆိုင်ရာ လေးစားမှုတို့အ တွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘယ်လိုကူညီပံ့ပိုးပေးနိုင်မလဲဆိုတာကို လေ့ လာစူးစမ်းသွားမှာဖြစ်ပါတယ်။ အလားတူ ပဲ ဒီမိုကရေစီအရေး မြန်မာတစ်မျိုးသား လုံးရဲ့ဒီမိုကရေစီ အရေးကြိုးပမ်းဆောင်ရွက် မှုအပေါ်မှာ ကျွန်တော်တို့အနေနဲ့ အလေး အနက်ကူညီ ဆောင်ရွက်ပေးသွားမှာဖြစ် ပါတယ်။
    ကျွန်တော်တို့ နိုင်ငံခြားရေးဝန် ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်အပေါ် လက်ကမ်း ကြိုဆိုခဲ့တဲ့ ဒေါ်စုကိုလဲ ကျေးဇူးတင်သလို ဒေါ်စုနဲ့ နောက်တစ်ကြိမ်ပြောဆိုနိုင်ဖို့အ တွက်လဲ မျှော်လင့်မိပါတယ်။ ကမ္ဘာတစ်ဝန်း မှာ ဒီမိုကရေစီတန်ဖိုး၊ လူ့အခွင့်အရေးနဲ့ တရားမျှတမှုတွေကို ဝေမျှနေတဲ့ကျွန်တော် တို့ရဲ့ ဆောင်ရွက်မှုတွေအပေါ်မှာ ဒေါ်စုရဲ့ လှုံ့ဆော်အားပေးမှုအတွက်လဲ ကျေးဇူးတင် ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒေါ်စုနဲ့အ တူ အခုရော နောင်ပါ အမြဲတမ်းအသင့်ရှိ နေမယ်ဆိုတဲ့အကြောင်း ပြောကြားလိုပါ တယ်။

Labels:



ပိုစ့် 1972 မှ 1940 ထိ download link များ ကို မာတိကာ က link များ မှ ဒေါင်းမှသာ အဆင်ပြေပါမယ်.....

 

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃

လာရောက်လည်ပတ် လေ့လာကြသော် ဧည့်သည်များ အားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း များနှင့် ပြည့်စုံ နိုင်ကြပါစေ........